top of page
Search
Writer's pictureAcademia Education

နိုင်ငံခြား ပညာတော်သင်သွားဖို့ဆုံးဖြတ်ခြင်းအတွက် လိုက်နာသင့်သည့် အဆင့်များ




ပညာတော်သင်သွားဖို့ ဆုံးဖြတ်ခြင်းဟာ Higher Education ကို ရယူနိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းပဲ ဖြစ်ပါတယ်။ နိုင်ငံခြားပညာတော်သင်သွားခြင်းဟာ အနာဂတ်အတွက် အပြောင်းအလဲတစ်ခု ဖြစ်စေမှာ ဖြစ်ပါတယ်။


ယဥ်ကျေးမှုအသစ်တွေ၊ အမျိုးမျိုးသော လူတွေ တွေ့ဆုံခြင်း ၊ Education Providers တွေဆီက အကြံဉာဏ်ကောင်းတွေ ရယူနိုင်ခြင်းအပြင် CV/Resume ပြုလုပ်တဲ့အခါ တခြားသူတွေနဲ့ မတူပဲထူးခြားချက်တစ်ခုကို ထပ်ပေါင်းထည့်နိုင်မှာဖြစ်ပြီး ဒီအချက်တွေကပဲအ လုပ်အကိုင်ကောင်းတွေကိုရ ရှိနိုင်အောင်ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ပညာတော်သင်သွား ဖို့ဆုံးဖြတ်ခြင်းဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်နိုင်ပါတယ်။

  • ဘယ်နေရာမှာပညာသင်ယူသင့်သလဲ

  • သွားဖို့ရောတတ်နိုင်ပါ့မလား

  • ဘယ်လိုကျောင်း၀င်ခွင့်လျှောက်ရမလဲ

ဒါတွေက အမေးများတဲ့မေးခွန်းတွေဖြစ်ပြီး ဒီမေးခွန်းတွေကိုဖြေဆိုပေးဖို့ သင့်ကို ကူညီနိုင်တဲ့သူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။


ပညာတော်သင်သွားခြင်းနဲ့ ပတ်သက်ပြီး သိချင်တဲ့အရာတွေများပေမယ့် ဘယ်နေရာကစပြီးမေးရမလဲ မသိတဲ့သူတွေအတွက် သိထားသင့်တဲ့အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။


ဘယ်နိုင်ငံနဲ့ဘာကြောင့် ရွေးချယ်သင့်သလဲ


သင့်ရဲ့ လိုအပ်ချက်နဲ့အကိုက်ညီဆုံးဖြစ်မယ့် နိုင်ငံကဘယ်နိုင်ငံဖြစ်မလဲဆိုသော မေးခွန်းအတွက် ပညာသင်ကြားဖို့အတွက် ကုန်ကျစရိတ်နဲ့ နေထိုင်စရိတ်၊ အဲ့ဒီနိုင်ငံရဲ့ပညာရေးစနစ်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့အကွာအဝေး တွေကိုကြည့်ပြီးဆုံးဖြတ်ပါ။


အမိမြေနဲ့နီးတဲ့နိုင်ငံမှာ ပညာသင်ကြားချင်သလား ဒါမှမဟုတ် ဝေးတဲ့နေရာသွားပြီး စွန့်စားချင်သလား ဆိုတာ သင့်အပေါ်မှာမူတည်ပါတယ်။


ဘယ် Course ကိုဘာကြောင့်ရွေးချယ်သင့်သလဲ


သင့်ရဲ့လက်ရှိ Academic Background ကဘယ်ဟာလဲ။ ၀င်ခွင့်လျှောက်ဖို့အတွက် လိုအပ်ချက်တွေရောကိုက်ညီရဲ့လား။ သင်ကဘယ် Career လမ်းကြောင်းကို သွားချင်ပြီးတော့ ဘယ်လို Course မျိုးကသင့်တော်မယ်လို့ထင်သလဲ။ အဲ့ဒီ Course ကို သင်ယူဖို့အတွက်အချိန်ဘယ်လောက်ပေးနိုင်သလဲ။

စတဲ့မေးခွန်းတွေမေးမြန်းပြီး ဆုံးဖြတ်ပါ။


တစ်ချို့နိုင်ငံတွေရဲ့ ၄ နှစ်တာ Course က တစ်ခြားနိုင်ငံတွေမှာ ၃ နှစ်တာ Course နဲ့ကိုက်ညီနေနိုင်ပါတယ်။


ဘယ်အချိန်ကစတင်ပြီး လေ့လာချင်သလဲ


Informal Education အတွက် အချိန်ဘယ်လောက်ကျန်သေးသလဲ။ လျှောက်လွှာတင်ချိန်နဲ့၀င်ခွင့်ရရှိမယ့်အချိန်ဘယ်လောက်ကြာနိုင်သလဲ။ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုစု ဆောင်းပြီး Visa အတွက်ရော ပြင်ဆင်ပြီးပြီလား။

စသဖြင့် အချိန်ကို တွက်ချက်ထားပါ။


နိုင်ငံခြားပညာတော်သင်သွားခြင်းဟာ ဘယ်လောက်ကုန်ကျနိုင်သလဲ


ကုန်ကျစရိတ်က Tuition Fees အတွက်သာ တွက်ချက်လို့ မရပါဘူး။ Application Fees ၊ Visa Fees ၊ နေထိုင်ကုန်ကျစရိတ်၊ ကျန်းမာရေးနဲ့ အပန်းဖြေရေးအတွက်ကုန်ကျစရိတ် စတာတွေကို အကုန်တွက်ချက်ထားရမှာ ဖြစ်ပါတယ်။


နိုင်ငံခြားပညာရေးအတွက် ငွေကြေးဘယ်လိုထောက်ပံ့နိုင်မလဲ

  • Scholarship တွေ လျှောက်ဖို့အတွက် အရည်အချင်းပြည့်မှီသူတစ်ယောက်လား။

  • အစိုးရက ပညာသင်ဆု (သို့မဟုတ်) ဘယ်လိုငွေကြေးထောက်ပံ့မှုတွေပေးသလဲ။

  • ဒီရွေးချယ်မှုဟာ ကိုယ့်မိသားစုအခြေအနေနဲ့တတ်နိုင်သလား (သို့) ကျောင်းသားချေးငွေနဲ့တတ်နိုင်သလား။

မေးခွန်းတွေက သင့်အပေါ်မူတည်ပါတယ်။


ဘယ်နေရာမှာပညာသင်ယူချင်လဲ မဆုံးဖြတ်ရသေးခင် ဖြတ်ကျော်ရမယ့် အဆင့်တွေအများကြီးရှိပါတယ်။ အောက်ဖော်ပြပါအဆင့်တွေက နိုင်ငံခြားပညာတော်သင်မသွားခင်လုပ်ဆောင်ရမယ့်အချက်တွေနဲ့ သင့်ရဲ့ဆုံးဖြတ်ချက်ကို ပိုမိုပြတ်သားယုံကြည်စေအောင် ကူညီပေးနိုင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။


နိုင်ငံခြားပညာတော်သင်သွားဖူးတဲ့ သူများနဲ့စကားပြောပါ။


ပညာတော်သင်သွားဖူးတဲ့ သူတစ်ယောက်ယောက်နဲ့သိလျှင် သူနဲ့စကားပြောကြည့်ပြီး သူတို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုမေးမြန်းပါ။ သူတို့ဟာ သင့်ကို နိုင်ငံခြားပညာတော်သင်နဲ့ပတ်သက်ပြီး အတွေ့အကြုံနဲ့ယှဥ်ပြီးအသုံး၀င်တဲ့ သတင်းအချက်အလက်တွေကို ပြောပြပေးပါလိမ့်မယ်။


Online ကတစ်ဆင့် Research (ရှာဖွေ) လုပ်ပါ။


တကယ်လို့တတ်နိုင်မယ်ဆိုရင် Internet ရရှိမှုကို သေချာအသုံးချပါ။ Online ကမ္ဘာကြီးက သင်ထင်ထားတာထက်ပိုပြီး ဗဟုသုတပေါင်းစုံရှိ တဲ့လူတွေနဲ့ ပြည့်နှက်နေပါတယ်။ Page တွေမှာ မေးခွန်းမေးမြန်းနိုင်ပြီး မေးခွန်းအတွက် အဖြေကိုလည်း ရှာတွေ့နိုင်ပါလိမ့်မယ်။


သတင်းအချက်အလက် အမျိုးမျိုးကိုရှာဖွေနိုင်တဲ့ Websites တွေလည်းရှိပြီး မတူညီတဲ့နိုင်ငံအကြောင်း၊ တက္ကသိုလ်ကောလိပ်အကြောင်း၊ ရရှိနိုင်တဲ့ Course အမျိုးအစား တွေကို Website ကတစ်ဆင့် ရှာဖွေဖတ်ရှုနိုင်ပါတယ်။


ဥပမာ - Course အကြောင်းရှာဖွေတဲ့အခါ မတူညီတဲ့ Website မျိုးစုံကို၀င်ကြည့်ပြီး နှိုင်းယှဥ်ကြည့်ပါ။ ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ အရင်းအမြစ်တွေကို တတ်နိုင်သလောက်ပြန်လည်အသုံးပြုပါ။


မိဘတွေ၊ မိသားစု၀င်တွေနဲ့အတူ တိုင်ပင်ဆွေးနွေးပါ။


ပညာတော်သင်သွားတဲ့အခါ ကျောင်းသားတော်တော်များများအခက်အခဲအဖြစ်ဆုံးက ငွေ​ရေးကြေးရေးအတွက်ပဲဖြစ်တယ်။ ပညာတော်သင်သွားခြင်းဟာ စျေးကြီးပြီး မတတ်နိုင်ဘူးလို့ထင်ကြတယ်။ ပညာတော်သင်သွားခြင်းဟာ ခက်ခဲနိုင်ပေမယ့် အခွင့်အရေးတွေ အများကြီးပြန်ရရှိနိုင်မယ့် ရွေးချယ်ခြင်းတစ်ခုပဲ ဖြစ်ပါတယ်။ မိဘ၊ မိသားစု၀င်နဲ့အတူတူ ဆွေးနွေးတိုင်ပင်ပြီး ပညာတော်သင်သွားခြင်း ဖြင့်ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာ ပြောဆိုဆွေးနွေးပါ။


Education Agency တွေနဲ့ဆက်သွယ်မေးမြန်းပါ။


Academia Education လို Agency တွေနဲ့ပြောဆိုဆွေးနွေးခြင်းဟာ ပညာတော်သင်သွားဖို့ ပြင်ဆင်တဲ့အခါ အကြံဉာဏ်ကောင်းတွေပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်း၀င်ခွင့်ပြင်ဆင်ရေးအတွက်လည်း ကူညီနိုင်သလို တခြားလိုအပ်ချက်တွေဖြစ်တဲ့ Visa လျှောက်ခြင်းအတွက်လည်း ကူညီပေးနိုင်ပါတယ်။ Recruitment Agents တွေက ကျောင်းသားပေါင်းစုံကို အကြံပေးဆွေးနွေးပေးဖူးတဲ့အတွက် မတူညီတဲ့လူတွေရဲ့ လိုအပ်ချက်တွေ အလိုက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ Agents တွေကနိုင်ငံတကာက ကျောင်းတွေနဲ့အဆက်အသွယ်ရှိတဲ့အတွက် ကျောင်းလျှောက်ရာမှာလည်း အထောက်အပံ့ဖြစ်နိုင်ပါတယ်။


Webinar Sessions တွေကတစ်ဆင့် အကြံဉာဏ်ရယူပါ


Information အများစုက တက္ကသိုလ် (သို့) ကောလိပ်ကကျင်းပတဲ့ Webinar Sessions တွေမှာပြောပြလေ့ရှိပါတယ်။ အဲ့ဒီ Webinar တွေကိုတက်ရောက်ပြီး လိုအပ်တဲ့သတင်းအချက်အလက်တွေကိုစု ဆောင်းပြီး သိချင်တဲ့အကြောင်းအရာတွေကို မေးခွန်းမေးမြန်းပါ။


တစ်ခုသတိထားရမှာက နောက်ဆုံးဆုံးဖြတ်ချက်ချရမှာက သင်ကိုယ်တိုင်ဖြစ်ပါတယ်။ ဖော်ပြပါအချက်တွေက သင်ဆုံးဖြတ်ချက်ကို အကောင်းဆုံးချနိုင်အောင် အကူအညီပေးနိုင်ရုံပဲဖြစ်ပါတယ်။


ဒါကြောင့် အလောတကြီးမလုပ်ဘဲ အချိန်ယူပြီးသေချာစဥ်းစားဆုံးဖြတ်ပါ။



136 views0 comments

Recent Posts

See All

Comments


bottom of page