IELTS/GED တွင် အမှတ်ကောင်းရရန် လိုက်နာရမည့် အဆင့် ၈ ဆင့် (Step-by-Step Guideline)
- info093692
- Jan 10
- 2 min read

Step By Step Guideline, Road to High Score GED or IELTS
နိုင်ငံခြားပညာရေးရဲ့ ပထမဆုံး အတားအဆီးဖြစ်တဲ့ IELTS (သို့မဟုတ်) GED စာမေးပွဲတွေမှာ High Score ရဖို့ဆိုတာ နည်းလမ်းမှန်ရင် မခက်ခဲပါဘူး။ ဒီအမှတ်တွေက ကိုယ့် ရဲ့ Scholarship ရဖို့အခွင့်အရေး၊ နိုင်ငံအသီးသီးက Top University တွေမှာ တက်ရောက်နိုင်ဖို့ နဲ့ Visa အောင်မြင်ရေး အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
ကျောင်းသားတွေအနေနဲ့ အမှတ်ကောင်းရဖို့ အချိန်ကုန်၊ လူပင်ပန်းမခံရအောင် ထိရောက်ပြီး စနစ်ကျ တဲ့ အဆင့် ၈ ဆင့် ကို အသေးစိတ် ရှင်းပြပေးလိုက်ပါတယ်ရှင်။
၁။ 🎯 အဆင့် ၁: Target Score ကို တိကျစွာ သတ်မှတ်ပါ (Know Your Goal)
ဒီအဆင့်က အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပစ်မှတ်မရှိဘဲ ပြင်ဆင်တာဟာ အချိန်ဖြုန်းရာ ရောက်စေလို့ပဲဖြစ်ပါတယ်။
ကိုယ်တက်ရောက်လိုတဲ့ နိုင်ငံ/ကျောင်း/Program ရဲ့ Website ကို သေချာကြည့်ပြီး တိကျတဲ့ အမှတ်လိုအပ်ချက် (Band Score/GED Score) ကို သိထားဖို့လိုအပ်ပါတယ်။
တချို့ကျောင်းတွေက IELTS Overall 6.0 ဆိုရင် တချို့က 7.0 (သို့မဟုတ်) 6.5 ကို Individual Band (တစ်ခုချင်းစီ) မှာပါ သတ်မှတ်တာမျိုးရှိပါတယ်။ ကိုယ့်ရဲ့ပန်းတိုင်ကို သတ်မှတ်တဲ့အခါ ကျောင်းဝင်ခွင့် လိုအပ်ချက်ထက် အနည်းဆုံး ၀.၅ မှ ၁.၀ ပိုမြင့်တဲ့ Score ကို မှန်းထားသင့်ပါတယ်။ ဒါမှသာ စာမေးပွဲနေ့မှာ မထင်မှတ်တဲ့ အမှားအယွင်းတွေ ဖြစ်ခဲ့ရင်တောင် စိတ်ချစေရမှာပဲဖြစ်ပါတယ်။
၂။ 📋 အဆင့် ၂: စာမေးပွဲပုံစံကို အသေးစိတ် လေ့လာပါ (Master the Format)
ကိုယ်ဖြေရမဲ့ စာမေးပွဲပုံစံကို ကောင်းကောင်းနားလည်ထားမှသာ စာမေးပွဲဖြေတဲ့အခါ အချိန်စီမံခန့်ခွဲမှု (Time Management) ကို အတွက် အဆင်ပြေစေမှာပဲဖြစ်ပါတယ်။
IELTS ရဲ့ Listening, Reading, Writing, Speaking လေးပိုင်းစီရဲ့ အချိန်၊ မေးခွန်းပုံစံနဲ့ အမှတ်ပေးစနစ် ကို သေသေချာချာ လေ့လာထားသင့်ပါတယ်။ GED ဆိုရင်လည်း ဘာသာရပ်တစ်ခုစီမှာ ဘယ်လိုမေးခွန်းမျိုးတွေ လာနိုင်လဲ၊ ဘယ်အပိုင်းက အချိန်အများဆုံး ပေးရမလဲဆိုတာကို နားလည်ထားသင့်ပါတယ်။
ဥပမာ- IELTS Reading မှာ True/False/Not Given လို မေးခွန်းပုံစံက ဘယ်လိုဖြေရမလဲ၊ Matching Heading ကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတဲ့ နည်းဗျူဟာ (Strategy) တွေဟာ အမှတ်ပေးတဲ့ စနစ်ပေါ်မှာ မူတည်နေတာမို့ ပုံစံကိုသိမှ လေ့ကျင့်လို့ရစေမှာပဲဖြစ်ပါတယ်။
၃။ 🧠 အဆင့် ၃: အားနည်းချက်ကို ဖော်ထုတ်ပြီး အချိန်ပိုပေးပါ (Identify and Attack Weakness)
Official Practice Test တွေကို အချိန်အတိုင်းအတာနဲ့ ဖြေဆိုပြီးတဲ့အခါမှာ ကျောင်းသားအနေနဲ့ အမှတ်အနည်းဆုံးရတဲ့ အပိုင်း က ဘာလဲဆိုတာကို ပွင့်ပွင့်လင်းလင်း သုံးသပ်ဖို့ လိုပါတယ်။
အမှတ်နည်းတဲ့ အပိုင်းကို သီးခြားခွဲထုတ်ပြီး နေ့စဉ် ကိုယ်စာလုပ်မည့် အချိန်ဇယား ထဲမှာ ပိုပြီး အလေးထား ထည့်သွင်းပြီး လေ့ကျင့်သင့်ပါတယ်။
ကျောင်းသားအများစုဟာ IELTS မှာ Writing နဲ့ Speaking ကို အားနည်းတတ်ပါတယ်။ အဲဒီအပိုင်းနှစ်ခုကို တစ်နေ့တာ လေ့လာချိန်ရဲ့ ၅၀% ပေးပြီး ကျန်တဲ့အချိန်တွေကို Reading/Listening ကို ပေးတာမျိုး လုပ်ကြည့်သင့်ပါတယ်။
၄။ 📚 အဆင့် ၄: Academic Vocabulary များကို တည်ဆောက်ပါ (Build Your Word Bank)
IELTS/GED မှာ အမှတ်ကောင်းဖို့ဆိုရင် ကိုယ်အသုံးပြုတဲ့ စကားလုံးတွေက လက်တွေ့ကျပြီး ကျောင်းသုံးစာပေနဲ့ ဆိုင်တဲ့ ဝေါဟာရတွေ ဖြစ်ဖို့ လိုပါတယ်။
ကိုယ်လေ့လာနေတဲ့ ဘာသာရပ် (ဥပမာ- စီးပွားရေး၊သဘာဝပတ်ဝန်းကျင်၊နေ့စဉ်သုံး) နဲ့ သက်ဆိုင်တဲ့ Academic Words List တွေကို စုဆောင်းပါ။
စာလုံးအသစ်တစ်ခုကို လေ့လာတဲ့အခါ အဲဒီစကားလုံးကို ဘယ်လိုနေရာမျိုးမှာ သုံးနိုင်လဲ (Usage)၊ သူ့ရဲ့ နာမ်၊ နာမဝိသေသန၊ ကြိယာပုံစံတွေ ဘာတွေလဲဆိုတာပါ သိထားမှ Writing နဲ့ Speaking မှာ အမှတ်ပိုရစေ နိုင်မှာပဲဖြစ်ပါတယ်။
၅။ 📝 အဆင့် ၅: Writing အတွက် ပုံစံချနည်း (Structure) ကို ကျွမ်းကျင်အောင်လေ့ကျင့်ပါ
IELTS Writing (Task 1 & 2) နဲ့ GED Essay အပိုင်းတွေမှာ အမှတ်ကောင်းဖို့ဆိုရင် ကိုယ်ရဲ့ အတွေးအခေါ်တွေက စနစ်တကျ ရှိထားနေဖို့ လိုအပ်ပါတယ်။
Topic တစ်ခုကို ရရင် Introduction, Body Paragraphs (၃ ခုခန့်) နဲ့ Conclusion တို့ကို အချိန်
အတိုင်းအတာနဲ့ အမြဲတမ်း ရေးသားလေ့ကျင့်ကြည့်သင့်ပါတယ်။
Body Paragraph တစ်ခုစီမှာ Topic Sentence (အဓိက စာကြောင်း)၊ ပြီးရင် Example (ဥပမာ) ဒါမှမဟုတ် Supporting Idea (ထောက်ခံတဲ့ အချက်) တွေကို တိကျစွာ ထည့်သွင်းသင့်ပြီး ဒီလို စနစ်တကျ ရေးသားမှုက ကိုယ့် ရဲ့ Logical Thinking ကို အမှတ်ပေးသူက အလွယ်တကူ မြင်စေမှာပါရှင်။
၆။ 🗣️ အဆင့် ၆: နိုင်ငံခြားသားဆန်သော အသံထွက်နှင့် Fluent ဖြစ်အောင် လေ့ကျင့်ပါ
IELTS Speaking မှာဖြစ်စေ၊ GED Language Arts မှာဖြစ်စေ ယုံကြည်မှုရှိရှိနဲ့ အထစ်အငေါ့မရှိ (fluent) ဖြစ်အောင် ပြောဆိုနိုင်ဖို့က အရေးကြီးပါတယ်။
နိုင်ငံခြားသားတွေ ပြောတဲ့ Podcasts, TED Talks တွေကို နားထောင်ပြီး သူတို့ရဲ့ အသံနေအသံထား (Intonation) နဲ့ အသံထွက် (Pronunciation) ကို အတုယူ လိုက်လံပြောကြည့်ပါ။
တစ်ယောက်တည်း စကားပြောလေ့ကျင့်ရတာ မလွယ်ရင် မှန်ရှေ့မှာ ကိုယ့်ဘာသာကိုယ် ပြောကြည့်တာ ဒါမှမဟုတ် AE ကလို Expert Tutor တွေနဲ့ နေ့စဉ် စကားပြော လေ့ကျင့်တာတွေ လုပ်ခြင်းအားဖြင့် Speaking Confidence ကို မြှင့်တင်ပေးနိုင်ပါတယ်။
၇။ 🗓️ အဆင့် ၇: စာမေးပွဲ မတိုင်ခင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပါ (Mental Preparation)
စာမေးပွဲ မတိုင်ခင် စိတ်ဖိစီးမှုတွေဟာ သင်ရဲ့စွမ်းဆောင်ရည်ကို တကယ်ပဲ ကျဆင်းစေနိုင်ပါတယ်။
စာမေးပွဲမတိုင်မီ တစ်ရက်အလို မှာ စာအုပ်တွေကို ပိတ်ထားလိုက်ပြီး အားလုံး အဆင်ပြေမယ်လို့ စိတ်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ။ ညဘက်မှာ အိပ်ရေးဝဝ အိပ်ဖို့လည်း မမေ့သင့်ပါဘူး။
ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းမှုက စာမေးပွဲခန်းထဲမှာ မေးခွန်းတွေကို ချက်ချင်းနားလည်နိုင်စွမ်း နဲ့ အချိန်စီမံခန့်ခွဲမှု ဆုံးဖြတ်ချက် တွေအတွက် အလွန်အရေးကြီးလို့ပဲဖြစ်ပါတယ်။
၈။ 🤝 အဆင့် ၈: စနစ်တကျ လမ်းညွှန်ပေးမယ့် Expert Team ကို ရွေးချယ်ပါ
တစ်ယောက်တည်း လျှောက်လှမ်းခြင်းထက် ကျွမ်းကျင်သူတွေနဲ့ လက်တွဲတာ က ကိုယ့်ကို လမ်းကြောင်းမမှားဘဲ ပန်းတိုင်ဆီ အမြန်ဆုံးရောက်စေမှာပဲဖြစ်ပါတယ်ရှင့်။
ကိုယ့်ရဲ့ Goal (အမှတ်ပန်းတိုင်) ကို နားလည်ပြီး အမှတ်နည်းတဲ့ အပိုင်းကို အဓိကထား ကူညီပေးမယ့် သင်တန်းကျောင်း ဒါမှမဟုတ် AE လိုမျိုး Education Consultant တွေကို ရွေးချယ်ပြီး အကြံဉာဏ်တောင်းနိုင်ပါတယ်။
ပညာရေးကျွမ်းကျင်သူတွေက ကိုယ့်အတွက် အချိန်အများဆုံး ချွေတာပေးနိုင်ပါတယ်။ ဘယ်လိုစာမေးပွဲ ပစ္စည်းတွေက အကောင်းဆုံးလဲ၊ ဘယ်လို နည်းစနစ်တွေက အမှတ်ပိုရနိုင်လဲဆိုတာကို သူတို့က တိတိကျကျ ပြောပြနိုင်တာကြောင့် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို အမှတ်ကောင်းအဖြစ် အာမခံချက် ပေးနိုင်ပါတယ်ရှင်။
IELTS/GED မှာ High Score ရဖို့ဆိုတာ ကိုယ့်ရဲ့ နိုင်ငံခြားပညာရေးခရီးစဉ်အတွက် အကောင်းဆုံး စတင်ခြင်းပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ခြေလှမ်းတွေနဲ့ စနစ်တကျ ပြင်ဆင်မယ်ဆိုရင် နိုင်ငံခြားမှာပညာသွားသင်ချင်တဲ့ အိပ်မက်တွေက တကယ်ဖြစ်လာစေမှာပဲဖြစ်ပါတယ်။









Comments